<မြန်မာနိူင်ငံသူနာပြုနှင့်သားဖွားကောင်စီသည် ၈.၄.၂၀၂၀ နေ့တွင် COVID-19 ရောဂါကာကွယ် စောင့်ရှောက် ရာတွင် ပြည်သူလူထုအတွင်းကွင်းဆင်းဆောင်ရွက်နေရသော ရန်ကုန်တိုင်း​ဒေသကြီးအတွင်းမြို့နယ်၂၃ မြို့နယ်မှTHN, LHV နှင့် MWs များအား အကာအကွယ်ပစ္စည်းများဖြစ်သည့် Infrared thermometer (30)၊ Surgical masks (1500)၊ Hand Sanitizer 5 ml (45) bottles တို့ ကိုမျှဝေလှူဒန်းခဲ့ပါသည်။
သကြန်ပြီးချိန်တွင်ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါကြောင်းကိုအလှူရှင်များအားအသိပေးအပ်ပါသည်။ >

<၂၀၂၀ ခုနှစ်ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိူင်ငံ သူနာပြုနှင့်သားဖွားကောင်စီမှ အနောက်ပိုင်းဆေးရုံကြီးသို့COVID 19 ရောဂါကုသပြုစုရာတွင်သူနာပြုများနှင့်ကျန်းမာရေး ဝန်ထမ်းများအသုံးပြုရန် Grade EN 14126 25, N95 masks 50, Surgical masks 400 တို့ကိုသွားရောက်လှူဒါန်း၍မေတ္တာပြခဲ့ကြပါသည်>

MNMC ၏ ဝေဘာဂီဆေးရုံသို့ ဒုတိယအကြိမ်ခရီးစဉ်

< ယနေ့ ၈-၄-၂၀ နေ့တွင် မြောက်ဥက္ကလာပ ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ Medical PPE အစုံ (၁၀၀)၊ N 95 mask (၁၀၀) နှင့် Surgical mask. (၄၀၀) တို့ကို COVID- 19လူနာများအားပြုစုနေရသည့်သူနာပြုသားဖွားများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်သွားရောက်လှူဒါန်းခဲ့ပါသည်။

<မြောက်ဥက္ကလာပ ဝေဘာဂီ အထူးကုဆေးရုံကြီသို့ ၅-၄-၂၀၂၀ ရက် နေ့ က ပထမအကြိမ် သွားရောက်၍ COVID- 19 လူနာများအားပြုစုနေရသည့်သူနာပြုသားဖွားများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ အား အာဟာရဒါနပြုခဲ့ပါသည်။ >

ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ မြဝတီသို့ volunteer သွားပြီးနောက် ကေတုမတီဆောင်တွင် Quarantine ပြုထားသောကျောင်းအုပ်၊ နည်းပြများနှင့် သင်တန်းသူ/သားများအား အာဟာရဒါနပြု၍ ဂုဏ်ပြုအားပေးခဲ့ပါသည်